FAQs
-
အသုံးအဆောင်ပစ္စည်း (equipment set) တွေကို ဝယ်ယူဖို့လိုပါသလား?
foodpanda နဲ့လက်တွဲပြီး panda rider အဖြစ်လုပ်ကိုင်မယ့် ပို့ဆောင်သူအသစ်အနေနဲ့ အလုပ်ချိန်အတွင်း အသုံးပြုပို့ဆောင်ရတဲ့ အသုံးအဆောင်ပစ္စည်း(equipment) တွေကို ဝယ်ယူဖို့လိုအပ်ပါမယ်။
-
panda rider အသုံးအဆောင်ပစ္စည်းတွေ ဘယ်မှာဝယ်ယူလို့ရမလဲ?
ရန်ကုန်လိပ်စာ - foodpanda ရန်ကုန်(သမိုင်းရုံးခွဲ)၊ သမိုင်းလမ်းဆုံအနီး၊ Hyundai car showroom အနောက်ဘက်ခြမ်း၊ အောင်သပြေ Hotel -3 ဝန်းအတွင်း၊ မရမ်းကုန်းမြို့နယ်။ (စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များမှအပ မနက် ၁၀နာရီ - ညနေ ၃နာရီအတွင်း) မှာ ဝယ်ယူနိုင်ပါတယ်။
- Panda Rider Shop က ဘယ်လိုအလုပ်လုပ်လဲ?
- အသုံးအဆောင်ပစ္စည်းအစုံလိုက် (ပို့ဆောင်သူအသစ်အတွက်!)
-
ပရိုမိုးရှင်းပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းအစုံလိုက် (သို့)
တစ်ခုချင်းစီ (panda rider အားလုံးအတွက်!)
၃) ငွေပေးချေမည့်အဆင့်
လတ်တလော Online မှ တိုက်ရိုက်ငွေပေးချေဝယ်ယူမှု မရနိုင်သေးတာကြောင့် Panda Rider Shop ကနေ အော်ဒါမှာယူပြီးတာနဲ့ ဖုန်းအတွင်း မှာယူလိုက်တဲ့အော်ဒါအတွက် SMS ရရှိတဲ့အခါ ဖော်ပြပါ ရုံးလိပ်စာအတိုင်း သွားရောက်ပြီး အော်ဒါကုဒ်နဲ့ငွေသားပေးချေ ဝယ်ယူနိုင်မှာပါ!
၄) Panda Rider Shop မှ အသုံးအဆောင်ပစ္စည်းဝယ်ယူခြင်း ပြီးမြောက်ပါပြီ!
-
၀ယ်ယူပြီး အသုံးအဆောင်ပစ္စည်း/equipment set တွေအတွက် ပြန်အမ်းငွေရနိုင်ပါသလား?
၀ယ်ယူပြီးသော အသုံးအဆောင်ပစ္စည်း/equipment set တွေအတွက် ပြန်အမ်းငွေမရနိုင်ပါ။
-
ဝယ်ယူပြီးသော အသုံးအဆောင်ပစ္စည်းတွေကို လဲလှယ်လို့ရပါသလား?
အသုံးအဆောင်ပစ္စည်းများရဲ့ သန့်ရှင်းမှုအတွက်ကြောင့် ဝယ်ယူပြီးဖြစ်သော အသုံးအဆောင်ပစ္စည်းများကို လဲလှယ်ခွင့်မပြုထားပါ။